သံအမတ်ကြီး ဦးကျော်တင်ရှိန်မှ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးအား သွားရောက်တွေ့ဆုံခဲ့ခြင်း (၂၈-၇-၂၀၂၆၊ ကိုင်ရို)

​အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန် သည် အီဂျစ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး (Deputy Assistant Foreign Minister for Asian Affairs) Ambassador Lamiaa Rashid အား ကြိုတင်ချိန်းဆိုလျက် အီဂျစ်နိုင်ငံ၏ အုပ်ချုပ်မှုမြို့တော်အသစ်ရှိ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အဦတွင် ၂၇-၇-၂၀၂၆ ရက် (တနင်္လာနေ့)၊ မွန်းလွဲ ၁၂၀၀ အချိန်၌ သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။