အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် အီဂျစ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ အီဂျစ်နိုင်ငံ၏ အုပ်ချုပ်မှုမြို့တော်အသစ်ရှိ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အဦတွင် ၂၇-၄-၂၀၂၆ ရက် (တနင်္လာနေ့)၊ နံနက် ၁၁၀၀ အချိန်၌ ကျင်းပသော အာရှရေးရာဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် စပ်လျဉ်း၍ အာရှ-ပစိဖိတ်ဒေသ သံအမတ်ကြီးများအား ဖိတ်ခေါ်ရှင်းလင်းပြောကြားသည့် ရှင်းလင်းဆွေးနွေးပွဲ (Diplomatic Briefing) သို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် လက်ရှိအရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများနှင့် အီဂျစ်နိုင်ငံ၏ ရပ်တည်ချက် စသည်တို့အား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်းနှင့် တက်ရောက်လာကြသည့် သံအမတ်ကြီးများမှ အပြန်အလှန်ဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။
သံအမတ်ကြီး ဦးကျော်တင်ရှိန်မှ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပသော အရှေ့အလယ်ပိုင်းအရေးကိစ္စနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်း (၂၇-၄-၂၀၂၆၊ အီဂျစ်)

