သံအမတ်ကြီး ဦးကျော်တင်ရှိန် အီဂျစ်အာရပ်သမ္မတနိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ် (၂၆-၃-၂၀၂၅ ရက်)

(၂၆-၃-၂၀၂၅ ရက်၊ နေပြည်တော်)

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် ကိုင်ရိုမြို့၊ ဟေလီယိုပိုးလစ်ရှိ သမ္မတအိမ်တော်၌ အီဂျစ်အာရပ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အက်(ဘ်)ဒယ် ဖာတာ အယ်လ်စီစီထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

*********************************