မြန်မာ-အီဂျစ် နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) အား ၂၈-၁၀-၂၀၂၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းနားလည်မှုစာချွန်လွှာပါ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များအား အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၉-၈-၂၀၂၆ ရက်နေ့၊ နံနက် ၁၀၀၀ နာရီတွင် ကိုင်ရိုမြို့၊ ဂီဇာ (Giza) မြို့နယ်ရှိ အီဂျစ်စိုက်ပျိုးရေးဝန်ကြီးဌာန၊ အီဂျစ်စိုက်ပျိုးရေးသုတေသနဌာန (Agricultural Research Center–ARC) သို့ သွားရောက်၍ အီဂျစ်စိုက်ပျိုးရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲ Dr. Saad Moussa နှင့်လည်းကောင်း၊ အီဂျစ်စိုက်ပျိုးရေးသုတေသနဌာန (Agricultural Research Center–ARC) ဥက္ကဋ္ဌ (President) Professor Dr. Adel Abd-Elazim Al-Akhedar နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရှိ ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝါသီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်လာစေရေး အီဂျစ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့် မြေယာပြုပြင်ပြောင်းလဲရေးဝန်ကြီးနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်အား အဓိကထား ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကျိုးရှိမည့် အခြားသော စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။



