သံအမတ်ကြီး ဦးကျော်ကျော်မင်း အဘူဒါဘီအခြေစိုက် သံအမတ်ကြီးများနှင့် တွေ့ဆုံ

(၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၇ ရက်၊ အဘူဒါဘီမြို့)

မြန်မာသံရုံး၊ အဘူဒါဘီမြို့မှ သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် အဘူဒါဘီမြို့ အခြေစိုက် အာရပ် စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံဆိုင်ရာ သံအမတ်ကြီးများဖြစ်သော ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Sorayut Chasombat နှင့် ၁၁-၈-၂၀၂၅ ရက်၌ လည်းကောင်း၊ နီပေါနိုင်ငံ သံအမတ်ကြီး H.E. Tej Bahadur Chhetri နှင့် ၂-၉-၂၀၂၅ ရက်၌ လည်းကောင်း၊ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H..E. Professor Arusha Cooray နှင့် ၄-၉-၂၀၂၅ ရက်၌ လည်းကောင်း၊ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီး  H.E. Mr. Igor Bely နှင့် အဘူဒါဘီမြို့ အခြေစိုက်အာဖရိကနိုင်ငံများ၏ သံတမန်အဖွဲ့ ဒုတိယနာယကဖြစ်သူ ယူဂန်ဒါနိုင်ငံ သံအမတ်ကြီး H.E. Mr.  Zaake Kibedi တို့နှင့် ၉-၉-၂၀၂၅ ရက်၌ လည်းကောင်း အသီးသီးတွေ့ဆုံခဲ့ပါသည်။

ယင်းသို့တွေ့ဆုံစဉ် သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် နိုင်ငံသားများ၏ အကျိုးကိစ္စရပ်များ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ အိမ်ရှင်ယူအေအီးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သံတမန်အဖွဲ့များ အကြား ပူးပေါင်းလှုပ်ရှားဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများအကြား နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံမှုများအပြီးတွင် မြန်မာ့ ရိုးရာလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပါသည်။