သံအမတ်ကြီး ဦးကျော်ကျော်မင်း အာရပ်စော်ဘွားများပြည်ထောင်စုသမ္မတထံ ခန့်အပ်လွှာပေးအပ် (၉-၉-၂၀၂၅ ရက်)

အာရပ်စော်ဘွားများပြည်ထောင်စုဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် အာရပ်စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီမြို့ရှိ၊ သမ္မတနန်းတော်၌ အာရပ်စော်ဘွားများပြည်ထောင်စု သမ္မတ ရှိတ် မိုဟာမက် ဘင်    ဇာရိဒ် အယ်လ်နာရမ် ထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေ ပြည်တော်

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်