သံအမတ်ကြီး ဦးသစ်လင်းအုန်း ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတထံ ခန့်အပ်လွှာပေးအပ် (၁၃-၃-၂၀၂၅ ရက်)

(၁၃-၃-၂၀၂၅ ရက်၊ နေပြည်တော်)

ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၊ သမ္မတနန်းတော်၌ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား ဂရီဂေါရဲဗိချ် လူကာရှန်ကို ထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။