သံအမတ်ကြီးက မြန်မာ-ရိုမန် အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကသုံးပုံ ပါဠိတော် ကျမ်းစာအုပ်များအား ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြိုရှိ Wat Langka ကျောင်းတိုက် ဆရာတော်ထံလှူဒါန်း (၂၅-၈-၂၀၂၅ ရက်)

(၂၅-၈-၂၀၂၅ ရက်၊ ဖနောင်ပင်)

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းနှင့် ဇနီး ဒေါ်ဇာနည်ကျော် ဦးဆောင်သည့် မြန်မာသံရုံးဝန်ထမ်းများသည် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က လှူဒါန်းသည့် မြန်မာ-ရိုမန် အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကသုံးပုံပါဠိတော် ကျမ်းစာအုပ်များအား ၂၅-၈-၂၀၂၅ ရက်၊ နံနက် (၁၁ ၃၀) နာရီတွင် ကမ္ဘောဒီးယား နိုင်ငံ၊ ဖနောင်ပင်မြိုရှိ Wat Langka ကျောင်းတိုက်ဆရာတော်နှင့် သံဃာ့လွှတ်တော် ဒုတိယ နာယကဆရာတော်ကြီး ဆမ်ဒက်ပရယ်ဓမ္မလက္ခိတ ပဏ္ဍိတ ဒေါက်တာ စဝ်ချန်သောထံသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ ထိုနောက် သံအမတ်ကြီးနှင့် ဇနီးတို့သည် သစ်သီးနှင့် လှူဖွယ် ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။