(၄-၉-၂၀၂၆၊ ဘန်ဒါဆရီဘီဂါဝန်)
ဘရူနိုင်းဒါရူဆလမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးသက်နောင်သည် ဘရူနိုင်း နိုင်ငံဆိုင်ရာ သံတမန်နာယကဖြစ်သူ တူကီယဲသံအမတ်ကြီး Dr. Hamit Ersoy၊ ရုရှားနိုင်ငံသံအမတ်ကြီး Mikhail V. Bananov နှင့် တရုတ်နိုင်ငံသံအမတ်ကြီး Chen Shaochun တို့အား စက်တင်ဘာလ ၁ ရက်မှ ၄ ရက်အတွင်း သီးခြားစီ မိတ်ဆက်ဂါရဝပြု သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ဘန်ဒါဆရီဘီဂါဝန်မြို့အခြေစိုက် သံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။



