(၃-၈-၂၀၂၆ ရက်၊ မနီလာမြို့)
မြန်မာသံရုံး၊ မနီလာမြို့ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဒေါ်အိအိတင်သည် ၃-၈-၂၀၂၆ ရက်တွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှ-ပစိဖိတ်ရေးရာဌာန၊ ညွှန်ကြားရေးမှူး ချုပ် Mr. Alferez Marshall Lousi က ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါ သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ကောင်းမွန်သည့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရေး၊ နှစ်နိုင်ငံကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် (၇၀) ပြည့်အထိမ်းအမှတ်အဖြစ် လှုပ်ရှားဆောင်ရွက်မှုများ စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။


