သီရိလင်္ကာနိုင်ငံနှင့် မော်လ်ဒိုက်နိုင်ငံမှ မြန်မာစာသင်သားရဟန်းသံဃာများ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့

(၁၈-၅-၂၀၂၀ ရက်၊ ကိုလံဘို)

၁။      ကမ္ဘာတစ်ဝန်း၌ လတ်တလောဖြစ်ပွားလျက်ရှိသည့် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ အခြေအနေအရ နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲဖြစ်လျက်ရှိသည့် သီရိလင်္ကာနိုင်ငံရှိ မြန်မာစာသင်သား ရဟန်းသံဃာ ၁၃၀ ပါး၊ သီလရှင် ၁ ပါး၊ လူပုဂ္ဂိုလ် ၁၇ ဦးနှင့် မော်ဒိုက်နိုင်ငံရှိ မြန်မာနိုင်ငံသား ၁၈ ဦး စုစုပေါင်း ၁၆၆ ဉီးအား သီတဂူဆရာတော်ကြီး၏ စီစဉ်မှုဖြင့် ၁၆-၅-၂၀၂၀ ရက်နေ့ ၁၄:၂၇ အချိန်တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် ကိုလံဘို အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။

၂။      အဆိုပါ ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များ မြန်မာနိုင်ငံသို့ အဆင်ပြေ ချောမွေ့စွာ ပြန်လာနိုင်ရေးအတွက် မြန်မာသံရုံး၊ ကိုလံဘိုမြို့သည် Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းလျက် လိုအပ်သည်များ ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။

၃။      အဆိုပါ ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် စစ်ကိုင်းမြို့ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်နှင့် ဝိပဿနာတက္ကသိုလ်ရှိ ယောဂီဆောင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည့် သတ်မှတ်ချက်များနှင့်အညီ (၂၁) ရက် Facilities Quarantine အဖြစ် သီတင်းသုံး/ နေထိုင်စေပြီး ဆွမ်း၊ကွမ်း/ အစားအသောက် ကိစ္စများအတွက် သီတဂူ ဆရာတော်ကြီးမှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။