သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ COP-17 နှင့် COM-17 နှင့် အစည်းအဝေးတို့သို့ မြန်မာသံရုံး၊ စင်ကာပူမြို့မှ ပါဝင်တက်ရောက်(၂၀-၁၀-၂၀၂၂ရက်)

(၂၀၁၀၂၀၂၂ ရက်၊ စင်ကာပူ)

စင်ကာပူနိုင်ငံ၊ Regent Hotel ၁၉၁၀၂၀၂၂ ရက်နေ့မှ ၂၀၁၀၂၀၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့်17th Meeting of the Conference of the Parties to the ASEAN Agreement on Transboundary Haze Pollution (COP-17) ဝန်ကြီးအဆင့်အစည်းအဝေးနှင့် 17th Meeting of the Committee Under the Conference of the Parties to the ASEAN Agreement on Transboundary Haze Pollution (COM-17) အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတို့သို့ မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ကိုယ်စားလှယ်အဖြစ် မြန်မာသံရုံး၊ စင်ကာပူမြို့မှ သံရုံးယာယီတာဝန်ခံ ဦးစိုးမြင့်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ယင်းအစည်းအဝေးများတွင် စင်ကာပူနိုင်ငံ၊ စဉ်ဆက်မပြတ်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနမှဝန်ကြီး H.E. Grace Fu နှင့် အမြဲတမ်း အတွင်းဝန် Mr. Stanley Loh တို့က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြပြီးအာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ် H.E. Lim Jock Hoi အာဆီယံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ ASEAN Specialized Meteorological Center (ASMC) မှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများတက်ရောက်ခဲ့ပါကြောင်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းသိမ်းရေးအတွက် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်မှုများ၊ နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းသိမ်းရေးဆိုင်ရာ အာဆီယံ ပူးပေါင်းညှိနှိုင်းရေး ဗဟိုဌာန တည်ထောင်မှုနှင့် ပတ်သက်သည့်ကိစ္စရပ်များ၊ အာဆီယံနိုင်ငံများ၌ သစ်တောမီး/ အခြားအကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အခြေအနေများနှင့် အရေးယူဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို  နိုင်ငံများအလိုက်အစီရင်ခံစာများ အသီးသီး တင်ပြလျက် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။