သတင်းထုတ်ပြန်ချက်

(၆-၄-၂၀၂၂ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးဝဏ္ဏမောင်လွင်သည် တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဩစတြေးလျနိုင်ငံ သံအမတ်ကြီး မစ္စ အင်ဒရီရာ ဖော့ခ်နာ အား ၆-၄-၂၀၂၂ ရက်၊ (၁၅၃၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် သံအမတ်ကြီး တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ဆောင်ရွက်ခဲ့ သည့် မြန်မာ-ဩစတြေးလျ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ဒေသတွင်းအခြေအနေများအပေါ် ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။