

(၆-၄-၂၀၂၂ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၆ ရက်၊ (၁၆၀၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးနှင့် သံအမတ်ကြီးတို့သည် မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့အကြား ရှိရင်းစွဲအစဉ်အလာရှိသည့် ဆက်ဆံရေးပိုမိုတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့ရေးတို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

