(၂၆-၁-၂၀၂၆ ရက်၊ လော့စ်အိန်ဂျယ်လိစ်)
လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲ့ဖြူသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့သို့ ကောင်စစ်ဝန်ချုပ်အဖြစ် ပြောင်းရွှေ့ ရောက်ရှိလာသည့် ကာတာကောင်စစ်ဝန်ချုပ် H.E. Hassan Nasser AlKhalifa ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်၊ ၁၁:၀၀ နာရီတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားဆက်ဆံရေးတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။

