လူ့အခွင့်အရေးကောင်စီ၏ (၆၃) ကြိမ်မြောက်အစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားဆိုသည့် (IIMM) တို့နှင့် အပြန်အလှန်ဆွေးနွေးပွဲအပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက် (၇-၉-၂၀၂၆၊ ဂျီနီဗာ)

လူ့အခွင့်အရေးကောင်စီ၏ (၆၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ၇-၉-၂၀၂၆ ရက်တွင် ဥရောပသမဂ္ဂ(EU) နှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)တို့ က ဖန်တီးထားသည့် လုပ်ပိုင်ခွင့်အရ ဖြစ်ပေါ်လာသည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားဆိုသည့် (IIMM) တို့နှင့် အပြန်အလှန် ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ သက်ဆိုင်ရာနိုင်ငံပါဝင်ခြင်း မရှိသဖြင့် အမြင်တစ်မျိုးတည်းသာ လွှမ်းမိုးသောပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေပြီး အပြုသဘောဆောင်သော နိုင်ငံတကာ ဆွေးနွေးညှိနှိုင်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အခြေခံမူများနှင့် ဆန့်ကျင်သည်။

Read More