လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံရှိ ထက်လွမ် ဘုရားအား ဖူးမြော်ကြည်ညို

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ထပ်လွမ်ဘုရားဝန်းအတွင်းရှိ ဓမ္မခန်းမ၌ လာအိုဗုဒ္ဓဘာသာအသင်းဗဟို၏ ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံ သံဃရာဇာဘုန်းတော်ကြီး Maha Ahjan Yai Mahaved Menenai နှင့် လာအိုနိုင်ငံမှ သက်တော်(၁၀၆)နှစ်ရှိ ဘုန်းတော်ကြီး Most Ven. Noi Sangvalo တို့အားဖူးမြော်ကြည်ကြိုကြပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

#Reference:PPIB