နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်မှ ၁၃ ရက်အထိ တရားဝင်ခရီးစဉ် လာရောက်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေးနှင့် ဇနီး သည် လာအိုကိုယ်စားလှယ် အဖွဲ့လိုက်ပါလျက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိ ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်။


