(၂၇-၃-၂၀၂၃ ရက်၊ ဗီယင်ကျန်း)
မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့နှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံး၊ ဗီယင်ကျန်းမြို့တို့ ပူးပေါင်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တော်ရှိ Don Chan Palace Hotel ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လာအိုနိုင်ငံ၊ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ Chief of General Logistic Department ဖြစ်သူ Major General Khamphet Sixanon မှ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး လာအို-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Chanthavong Saneamatmony၊ လာအိုနိုင်ငံ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံး၊ ဗီယင်ကျန်းမြို့မှ စစ်သံမှူး ဗိုလ်မှူးချုပ် ခင်မောင်စိုးနှင့် ဇနီး၊ မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်နန်းဖြူစင်သန်းမြင့်၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုများ၊ ဗီယင်ကျန်းမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ဗီယင်ကျန်းမြို့အခြေစိုက် စစ်သံရုံးများမှ စစ်သံမှူးများ၊ လာအိုနိုင်ငံတွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားအရာရှိ များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၁၅၀) ခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံး၊ ဗီယင်ကျန်းမြို့မှ စစ်သံမှူး ဗိုလ်မှူးချုပ် ခင်မောင်စိုးမှ မိန့်ခွန်းပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။




