(၁၇-၇-၂၀၂၃ ရက်၊ ဗီယင်ကျန်း)
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြတ်သက်ဦးသည် သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Ms. Bounkham VORACHIT နှင့် ၁၇-၇-၂၀၂၃ ရက်နေ့၊ (၁၄၀၀) နာရီ၌ ၎င်း၏ ဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အစည်းအဝေးများနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။




