(၂၇-၂-၂၀၂၆ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ရုရှားသံအမတ်ကြီး H.E. Denis Alipov နှင့် စစ်သံမှူး Captain 1st Rank Mr. Igor Kuptsov တို့၏ ဖိတ်ကြားချက်အရ ၂၇-၂-၂၀၂၆ ရက်နေ့၊ ၁၉၀၀ နာရီတွင် ရုရှားသံရုံး၌ကျင်းပသော တပ်မတော်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အိန္ဒိယတပ်မတော်ရေ လက်ထောက်အကြီးအကဲဖြစ်သူ Rear Admiral Brijinder Singh Sodhi က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ နယူးဒေလီမြို့ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။



