ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပပြုလုပ်သည့် II Annual Meeting of the Participants of the World Forum “New Era New Ways” သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် (၂၁-၈-၂၀၂၅ ရက်)

(၂၁-၈-၂၀၂၅ ရက်၊ မော်စကို)

 ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ၂၁-၈-၂၀၂၅ ရက်နေ့တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Digital Business Space စင်တာ၌ International Organization for Eurasian Cooperation (IOEC) က ကြီးမှူးကျင်းပသည့် II Annual Meeting of the Participants of the World Forum “New Era New Ways” ဖိုရမ်၏ Asia-Pacific Business Dialogue Session သို့ speaker အဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။ ဖိုရမ်တွင် ရုရှားစက်မှုနှင့်စွန့်ဦးတီထွင်လုပ်ငန်းအဖွဲ့ နိုင်ငံတကာကွန်ဂရက်၏ ဒုတိယဥက္ကဋ္ဌ Mr. Vyacheslav Pshenichnikov က ရုရှားစီးပွားရေး၏ အနာဂတ်အလားအလာများ၊ ပူးပေါင်းဆောင်ရွက်နိုင်မှုဆိုင်ရာ အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ရုရှား-လာအို ချစ်ကြည်ရေးအသင်း၏ဘုတ်အဖွဲ့ဝင်နှင့် ယခင် လာအိုစက်မှုနှင့် ကုန်သွယ် ရေးဝန်ကြီး၊ မော်စကိုမြို့ရှိ မလေးရှားသံရုံးမှ ကုန်သွယ်ရေးတာဝန်ခံ၊ စက်မှုနှင့် စွန့်ဦးတီထွင် လုပ်ငန်းအဖွဲ့ နိုင်ငံတကာကွန်ဂရက်၏ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ Lomonosov Moscow State University ၏ အာရှနှင့် အာဖရိကလေ့လာရေးဌာန ညွှန်ကြားရေးမှူး၊ စက်မှုနှင့်စွန့်ဦးတီထွင်လုပ်ငန်းအဖွဲ့ နိုင်ငံတကာကွန်ဂရက်၏ အာရှ-ပစိဖိတ် ကိုယ်စားလှယ်ရုံး အကြီးအကဲ၊ တရုတ်နိုင်ငံရှိ Sino-British joint venture scale ၏ ပူးတွဲဥက္ကဋ္ဌ၊ ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌတို့မှ မြန်မာသံအမတ်ကြီးနှင့်အတူ speaker အဖြစ် ပါဝင်ပြောကြားခဲ့ပါသည်။ မြန်မာသံအမတ်ကြီးက ပြောကြားရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ စိန့်ပီတာစဘတ်အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဖိုရမ်နှင့် အရှေ့ဖျားစီးပွားရေးဖိုရမ်ကဲ့သို့သော အဓိကစီးပွားရေးဖိုရမ်များ၌ မြန်မာနိုင်ငံက ပါဝင် တက်ရောက်မှု အခြေအနေများ၊ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရာတွင် ကြုံတွေ့ နေရသည့် စိန်ခေါ်မှုများနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင် နိုင်မည့် အခွင့်အလမ်းများနှင့် အလားအလာများကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။