ရုရှားနိုင်ငံနေ့အထိမ်းအမှတ်အခမ်းအနားသို့ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦး တက်ရောက် (၁၂-၆-၂၀၂၅ ရက်)

(၁၂-၆-၂၀၂၅ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ရုရှားသံအမတ်ကြီး၏ ဖိတ်ကြားချက်အရ ၁၂-၆-၂၀၂၅ ရက်နေ့၊ ၁၉၀၀ နာရီတွင် ရုရှားသံရုံး၌ ကျင်းပသော ရုရှားနိုင်ငံနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ 
အဆိုပါ အခမ်းအနားသို့ နယူးဒေလီမြို့အခြေစိုက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့် နိုင်ငံတကာသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
*************