ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမိုးအောင်သည် ၈-၅-၂၀၂၆ ရက် နေ့၊ ဒေသစံတော်ချိန် ၁၀:၀၀ နာရီတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Andrey Yurevich Rudenko ထံ ၎င်း၏သံအမတ်ခန့်အပ်လွှာ(မိတ္တူ)အား ပေးအပ်ခဲ့ပါသည်။
သံအမတ်ခန့်အပ်လွှာ(မိတ္တူ)ပေးအပ်ပွဲအခမ်းအနားတွင် သံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တို့သည် နှစ်နိုင်ငံအကြား ကာလရှည်ကြာ တည်ရှိ သည့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့် တည်ဆောက်သွားရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးတွင် အပြန်အလှန် ထောက်ခံမှု ပေးနိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် မြန်မာသံအမတ်ကြီးက လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးအား ရှင်းလင်း ပြောကြားခဲ့ပါသည်။





