ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တည်ထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ် Online Roundtable ဆွေးနွေးပွဲသို့ တက်ရောက်(၁၇-၂-၂၀၂၃ ရက်)

(၁၇-၂-၂၀၂၃ ရက်၊ မော်စကို)
 
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် Far Eastern Federal University (FEFU) ၏ စီစဉ်မှုဖြင့် ၁၇-၂-၂၀၂၃ ရက်တွင် ကျင်းပသည့် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးတည်ထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ် online roundtable ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ 
 
ဆွေးနွေးပွဲတွင် Far Eastern Federal University (FEFU) ၊ Institute of Oriental Studies-School of Regional and International Studies ၏ Dean နှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Dr. Evgeny Vlasov ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr. Nikolay Listopadov ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကို တို့ကလည်း အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။
 
ထို့နောက် ဆွေးနွေးပွဲများကို ကျင်းပခဲ့ရာ FEFU ၊  Institute of Oriental Studies-School of Regional and International Studies မှ Deputy Dean for Research Dr Artyom Lukin က Moderator အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ 
 
ဆွေးနွေးချက်များအပေါ် Russia-ASEAN Business Council ၏ CEO Mr. Daniyar Akkaziev ၊ ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ဆွေထွန်း၊ MGIMO University ရှိ အာဆီယံစင်တာ၏ ဒါရိုက်တာ Dr. Ekaterina Koldunova ၊ ဗလာဒီဗော့စတော့မြို့ အခြေစိုက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရုံး၏ ဒုတိယ အကြီးအကဲ Mr. Evgeny Volosastov ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံး၊ ကောင်စစ်ရေးရာဌာနခွဲမှ Mr. Aleksei Shchetinin နှင့် မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ် တို့က မှတ်ချက်ပြု သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။