ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး မော်စကိုမြို့ အစိုးရအဖွဲ့၀န်ကြီး၊ ပြည်ပစီးပွားဆက်သွယ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲနှင့် တွေ့ဆုံ(၁၉-၁-၂၀၂၃ ရက်၊ မော်စကို)

(၁၉-၁-၂၀၂၃ ရက်၊ မော်စကို)

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် ၁၉-၁-၂၀၂၃ ရက်၊ ဒေသစံတော်ချိန် (၁၇၃၀) နာရီတွင် မော်စကိုမြို့ရှိ မော်စကိုအစိုးရအဖွဲ့ရုံးသို့ သွားရောက်၍ မော်စကိုမြို့အစိုးရအဖွဲ့ ၀န်ကြီး၊ ပြည်ပစီးပွားဆက်သွယ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ Mr. Sergey CHEREMIN နှင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ပြည်ပစီးပွားဆက်သွယ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာန ဒုတိယအကြီးအကဲ Mr. Vyacheslav MANUYLOV ၊ နိုင်ငံတကာဆက်ဆံရေးဌာနခွဲ၏ ဒုတိယအကြီးအကဲ Mr. Sergey BARATOV ၊ အကြီးတန်းကျွမ်းကျင်သူ Mrs. Ekaterina GOLOVATSKAYA ၊ ပြဇာတ်ရုံများနှင့် ဂီတဖျော်ဖြေပွဲများ ကျင်းပရေး ဌာနခွဲ၏ ဒုတိယအကြီးအကဲ Mrs. Polina LAPSHINA တို့ တက်ရောက်ခဲ့ကြပြီး၊ မြန်မာသံရုံးမှ တာ၀န်ရှိသူများလည်း ပါ၀င်တက်ရောက်ခဲ့ကြပါသည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် မော်စကိုမြို့အစိုးရ တို့အကြား မြို့ပြဖွံ့ဖြိုးမှု၊ နည်းပညာ၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အလားအလာများနှင့် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး တည်ထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။