ရီရတ်ဒ်မြို့၊ မြန်မာသံရုံးသံအမတ်ကြီးမှ ဆော်ဒီအာရေဗျနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအား သွားရောက်တွေ့ဆုံနှုတ်ဆက်ခြင်း (၃၀-၆-၂၀၂၅ ရက်)

(၃၀-၆-၂၀၂၅ ရက်၊ ရီရတ်ဒ်)

ရီရတ်ဒ်မြို့၊ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးတင်ယုသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည်ဖြစ်ရာ ဆော်ဒီအာရေဗျနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (Deputy Minister for Political and Economic Affairs) ဒေါက်တာ ဆာအုဒ် ဘင် မိုဟာမက် အယ်လ်-ဆာတီ အား ၃၀-၆-၂၀၂၅ ရက်နေ့ ၁၂၃၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ၎င်း၏ ရုံးခန်းသို့ သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ 

ယင်းသို့တွေ့ဆုံရာတွင် သံအမတ်ကြီးက မြန်မာနိုင်ငံ လတ်တလော နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် ပက်သတ်ပြီး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျ နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးနှင့် အာဆီယံအဖွဲ့နှင့် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

***************