ရီရတ်ဒ်မြို့၊ မြန်မာသံရုံးမှ သံအမတ်ကြီးက အာဆီယံ-ရီရတ်ဒ်ကော်မတီဥက္ကဋ္ဌ ဘရူနိုင်းသံအမတ်ကြီးအား သွားရောက်တွေ့ဆုံနှုတ်ဆက် (၂၅-၆-၂၀၂၅ ရက်)

(၂၅-၆-၂၀၂၅ ရက်၊ ရီရတ်ဒ်)

ရီရတ်ဒ်မြို့၊ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးတင်ယုသည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည်ဖြစ်ရာ အာဆီယံ-ရီရတ်ဒ် ကော်မတီဥက္ကဌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရွမ် ဂျူမစ် အား ၂၅-၆-၂၀၂၅ ရက်နေ့ ၁၀ ၀၀ နာရီတွင် ရီရတ်ဒ်မြို့ရှိ ၎င်း၏ ရုံးခန်းသို့ သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ 

ယင်းသို့တွေ့ဆုံရာတွင် နိုင်ငံတကာ မျက်နှာစာ၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံနှင့် ဘရူနိုင်းဒါရူဆလမ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ အာဆီယံအဖွဲ့နှင့် ပင်လယ်ကွေ့နိုင်ငံများပူးပေါင်း ဆောင်ရွက်ရေးကောင်စီအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြား ခဲ့ပါသည်။

*******************