(၂၄-၁၁-၂၀၂၅ ရက်၊ အဘူဒါဘီ)
အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ယူအေအီးနိုင်ငံ၊ ဖယ်ဒရယ်အမျိုးသားကောင်စီ (လွှတ်တော်) ၏ ဖိတ်ကြားချက်အရ ၂၄-၁၁-၂၀၂၅ ရက် (တနင်္လာနေ့) ၁၂:၀၀ နာရီ၌ ကျင်းပခဲ့သော (၁၈) ကြိမ်မြောက် ဖယ်ဒရယ်အမျိုးသားကောင်စီ (လွှတ်တော်) ၏ တတိယပုံမှန်အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ အဘူဒါဘီမြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီး များနှင့် အခြားဖိတ်ကြားထားသူများနှင့်အတူ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ယူအေအီးနိုင်ငံ သမ္မတကိုယ်စား ယူအေအီးနိုင်ငံ၏ ဒုတိယသမ္မတနှင့် ဝန်ကြီးချုပ်ဖြစ်သူ ဒူဘိုင်း စော်ဘွား H.H Sheikh Mohammed bin Rashid Al Maktoum မှ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကာ ဖက်ဒရယ် အမျိုးသားကောင်စီ ဥက္ကဋ္ဌ Saqr Ghobash က အဖွင့်မိန့်ခွန်း ပြောကြားခြင်း အပါအဝင် အစီ အစဉ် (၈) ခု ဖြင့်ကျင်းပခဲ့ပြီး စော်ဘွားပြည်နယ်များမှ အိမ်ရှေ့စံမင်းသားများ၊ စော်ဘွားပြည်နယ် ဒုတိယအကြီးအကဲ များ၊ အဘူဒါဘီ မြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ စစ်ဘက် နယ်ဘက်တို့မှ အကြီးအကဲများနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။

