(၃၀-၅-၂၀၂၃ ရက်၊ ဒူဘိုင်း)
အာရပ်စော်ဘွားများပြည်ထောင်စုနို င်ငံ(ယူအေအီး)ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယုသည် ယူအေအီးနိုင်ငံ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး ရေးနှင့် နိုင်ငံသားများအကျိုးစီးပွားမြှ င့်တင်ရေးဝန်ကြီးဌာန (Ministry of Human Resources and Emiratisation) ဝန်ကြီး H.E. Dr. Abdulrahman Abdulmannan Al Awar ၏ ဖိတ်ကြားချက်အရ ၃၀-၅-၂၀၂၃ ရက်၊ (၁၅၃၀) နာရီတွင် ဝန်ကြီး၏ ရုံးခန်းသို့ သွားရောက်တွေ့ဆုံခဲ့ပြီး၊ မြန်မာနိုင်ငံနှင့် ယူအေအီးနိုင်ငံ တို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် မြန်မာနိုင်ငံမှ ကျွမ်းကျင်အလုပ်သမားများ တရားဝင်ခေါ်ယူရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
မြန်မာသံအမတ်ကြီးသည် ယင်းနေ့ (၁၃၀၀) နာရီကလည်း ယူအေအီးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ဌာန ညွှန်ကြားရေးမှူး Ambassador Nooh Al Hammadi နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံရေး၊ သံတမန်ဆက်ဆံရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ “မိုခါ”မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လိုအပ်သည့် အကူအညီအထောက်အပံ့များ ပေးအပ်နိုင်ရေး၊ ယူအေအီးနိုင်ငံတွင် ရောက်ရှိနေသော မြန်မာအလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့် ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။




