ယူအေအီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်း Ambassadors Retreat: World Governments Summit သို့ ပါဝင်တက်ရောက်ခဲ့ခြင်း

(၃၀-၉-၂၀၁၆၊ အဘူဒါဘီ)

ဒူဘိုင်းအခြေစိုက် ကမ္ဘာ့အစိုးရများ ထိပ်သီးအစည်းအဝေးဆိုင်ရာ အဖွဲ့အစည်း (World Governments Summit Organization) မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် (တနင်္လာနေ့) နံနက် ၀၉၃၀ နာရီအချိန်တွင် ဒူဘိုင်းရှိ Museum of the Future ၌ ကျင်းပပြုလုပ်ခဲ့သော Ambassadors Retreat: World Governments Summit သို့ ယူအေအီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်း ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ယူအေအီးအစိုးရအဖွဲ့ရုံးဝန်ကြီးနှင့် World Governments Summit ၏ ဥက္ကဋ္ဌဖြစ်သူ H.E. Mohammad Abdullah Al Gergawi က ဦးဆောင်ကျင်းပခဲ့ရာ ယူအေအီးအခြေစိုက် ပြည်ပနိုင်ငံသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များနှင့် ယူအေအီးအစိုးရတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် H.E. Mr. Mohammad Abdullah Al Gergawi က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ယူအေအီးနိုင်ငံ၊ ဉာဏ်ရည်တု၊ ဒီဂျစ်တယ်စီးပွားရေးနှင့် အဝေးရောက် အလုပ်လုပ်ကိုင်ခြင်းဆိုင်ရာ ဝန်ကြီးဌာန၏ Minister of State နှင့် World Governments Summit ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ H.E. Mr. Omar Sultan Al Olama က ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့အစိုးရများ ထိပ်သီးအစည်းအဝေး အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ “How Can Governments Redifine Access for the Future” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းသည် တက်ရောက်လာကြသော သံအမတ်ကြီးများ၊ ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။