ယူအေအီးနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့သော Kopi Ketjil ဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် (၁၆-၈-၂၀၂၆၊ အဘူဒါဘီ)

၁၃-၈-၂၀၂၆ ရက်နေ့ ညနေ ၁၇၀၀ နာရီအချိန်တွင် ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့ရှိ Deerfields Mall ၌ ယူအေအီးနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့သော Kopi Ketjil ကော်ဖီဆိုင်ဖွင့်ပွဲအခမ်းအနားနှင့် Coffee Session: Taste of Indonesia သို့ ယူအေအီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းမှ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ယူအေအီးနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Judha Nugraha၊ ယူအေအီးနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. ZENG Jixin ၊ ယူအေအီးနိုင်ငံဆိုင်ရာ အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံတမန်များ၊ ယူအေအီးနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ Deerfields Mall မှ တာဝန်ခံများ၊ အင်ဒိုနီးရှားနိုင်ငံမှ ကော်ဖီလုပ်ငန်းရှင်များ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Judha Nugraha က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ Kopi Ketjil ကော်ဖီဆိုင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းသည် မြန်မာ့ကော်ဖီ ယူအေအီးနိုင်ငံသို့ တင်ပို့နိုင်ရေး ဈေးကွက်လေ့လာစုံစမ်းမှုများ ပြုလုပ်ခဲ့ပြီး၊ တက်ရောက်လာကြသော သံအမတ်ကြီးများ၊ ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။