ယူအေအီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး က ယူအေအီးနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ  သံအမတ်ကြီးအား လက်ခံတွေ့ဆုံခဲ့

(၁၈-၃-၂၀၂၆ ရက်၊ အဘူဒါဘီ)  အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်း သည် ယူအေအီးနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ် အသစ်ရောက်ရှိ တာဝန်ထမ်းဆောင်နေသည့် သံအမတ်ကြီး H.E. Mr. Bolbongse Vangphaen ကို ၁၈-၃-၂၀၂၅ ရက်(ဗုဒ္ဓဟူးနေ့) ၁၃၃၀ နာရီ အချိန်က မြန်မာသံရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍  မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာ အားကောင်းစေရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေး စသည့်ကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်စေရေး ဆောင်ရွက်နေမှု အခြေအနေများ၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့အပြင် လက်ရှိ အရှေ့အလယ်ပိုင်းဒေသတွင်း ဖြစ်ပွားနေမှု အခြေအနေများမှ မိမိတို့နိုင်ငံသားများ ဘေးကင်းလုံခြုံစေရေး သတိပေး ထုတ်ပြန်ထားရှိမှု၊ စီမံချက်ချမှတ် လုပ်ဆောင်နေမှုများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ သံအမတ်ကြီးက မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပခဲ့သည့် အခြေအနေများ၊ အဆိုပါ ရွေးကောက်ပွဲများမှတစ်ဆင့် ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များနှင့် လွှတ်တော်နှစ်ရပ်၏ တတိယအကြိမ် ပုံမှန်အစည်းအဝေးများ စတင်ကျင်းပနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။