(၆-၁၁-၂၀၂၅၊ ကူမင်း)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ယူနန် ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံး၌ ၆-၁၁-၂၀၂၅ ရက်တွင် ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ကော်မတီ၏ နိုင်ငံခြားရေးရာကော်မတီရုံးမှ ဦးစီးကျင်းပသော တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ၏ စတုတ္ထအကြိမ်မြောက် စုံညီအစည်းအဝေးကျင်းပခဲ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းသည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ်က လွန်ခဲ့သည့် နှစ်အတွင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား အပြန်အလှန်အကျိုးဖြစ်ထွန်း စေသည့် ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုများဖြစ်သော စီးပွားရေးကဏ္ဍ၊ စက်မှုကဏ္ဍ နှင့် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်ထိတွေ့ဆက်ဆံမှုဆိုင်ရာ အောင်မြင်မှုများကို အလေး ထားဆွေးနွေးခဲ့သည်။ ထို့ပြင် ကောင်စစ်ဝန်ချုပ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် တို့အကြား ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည့်အပေါ် မြန်မာကောင်စစ် ဝန်ချုပ်ရုံးအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ် များ၊ သံတမန်များ၊ နိုင်ငံခြားသားပညာသင်ကျောင်းသားများ၊ ဆရာများ တက်ရောက်ခဲ့ကြသည်။
*********************



