မြန်မာ-လာအို နယ်နိမိတ် ရေပုံအမှတ် (၁၂)အား အတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်း (၁၈-၈-၂၀၁၈ ရက်၊ နေပြည်တော်)

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်မှ ၁၆ ရက်အထိ လာအိုနိုင်ငံ၊ လွမ်ပရာဘွမ်ပြည်နယ်၌ ကျင်းပပြုလုပ်သည့် (၁၃) ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်အာဏာပိုင်များ အစည်းအဝေးသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sengphet HOUNGBOUNGUANG တို့သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့တွင် မြန်မာ-လာအို နယ်နိမိတ် ရေပုံအမှတ် (၁၂)အား လက်မှတ်ရေးထိုးခဲ့ကြပါသည်။