မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဆွေးနွေးပွဲကျင်းပခဲ့ခြင်း (၁၀-၆-၂၀၂၅ ရက်)

(၁၀-၆-၂၀၂၅၊ ကူမင်း)

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် “မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး သမိုင်းကြောင်းကို ပြန်လည်ဆန်းစစ်ခြင်းနှင့် အနာဂတ်ကာလ ပူးပေါင်းဆောင်ရွက်မှုများ” ခေါင်းစဉ်ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့၊ ယူနန် ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးနှင့် ယူနန်ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် ဆွေးနွေးပွဲတစ်ရပ်ကို ကူမင်းမြို့၊ Green Lake ဟိုတယ်၌ ၉-၆-၂၀၂၅ ရက်၊ ၁၅၃၀ နာရီတွင် ကျင်းပခဲ့ပါသည်။

 အဆိုပါ ဆွေးနွေးပွဲ၏ သဘာပတိများအဖြစ် ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်း၊ ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာရန်ရှောက်ချန် တို့က ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကိုယ်စားလှယ်များ၊ ယူနန်ပြည်နယ်ရှိ မြန်မာပညာတော်သင်များနှင့် ကျောင်းသား ကျောင်းသူများ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရဌာနများမှ ကိုယ်စားလှယ်များပါဝင် ဆွေးနွေးခဲ့ ပါသည်။

 ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ ရှေ့ဆက် ဆောင် ရွက်သွားနိုင်မည့် ကဏ္ဍများ၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးဖော်ဆောင်နေမှုနှင့် အေးအတူပူအမျှအသိုက်အဝန်းထူထောင်ရေးတို့ကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြ ကြောင်းသိရှိရပါသည်။

*************************