မြန်မာအမြဲတမ်းကိုယ်စားလှယ်က အာဆီယံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် အာဆီယံဆိုင်ရာ ဖိလစ်ပိုင်အဖွဲ့ရုံးယာယီတာဝန်ခံတို့အား လက်ခံတွေ့ဆုံ (၁၆-၈-၂၀၂၅ ရက်)

(၁၆-၈-၂၀၂၅ ရက်၊ ဂျကာတာ)

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့် H.E. Srinivas Gotru အား ၁၂-၈-၂၀၂၅ ရက်၊ ၁၃၃၀ နာရီတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှု များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး လာမည့်နှစ်တွင် အာဆီယံ-အိန္ဒိယဘက်စုံမဟာဗျူဟာ မြောက်ဆက်ဆံရေး အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀) ကို စတင်အကောင်အထည်ဖော်ရာ၌ ဦးစားပေးဆောင်ရွက်မည့်ကိစ္စရပ်များအပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ အလားတူ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် အာဆီယံဆိုင်ရာ ဖိလစ်ပိုင်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ အဖွဲ့ရုံးယာယီတာဝန်ခံ Ms. Maria Elena Cristina D. Maningat အား ၂၅-၇-၂၀၂၅ ရက်၊ ၁၀၀၀ နာရီတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် ဦးစားပေး ဆောင်ရွက်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ အကောင်အထည်ဖော်ရေးအပါအဝင် အာဆီယံအသိုက် အဝန်းတည်ထောင်မှုဆိုင်ရာ အာဆီယံ၏ ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။