မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦး အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာ ညွှန်ကြားရေးမှူးချုပ် (Director General of Protocol Affairs) ထံ ခန့်အပ်လွှာ (မိတ္တူ) ပေးအပ် (၃၁-၅-၂၀၂၅ ရက်)

(၃၁-၅-၂၀၂၅၊ အဒစ်အဘာဘာ)

အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာ ညွှန်ကြားရေးမှူးချုပ် (Director General of Protocol Affairs) ဖြစ်သူ Aziza Geleta ထံ ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီတွင် အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်တွေ့ဆုံမိတ်ဆက်ခဲ့ပြီး ၎င်း၏ ခန့်အပ်လွှာမိတ္တူကို ပေးအပ်ခဲ့ကာ အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ ထံသို့ ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။ 

*******************