(၂၆-၄-၂၀၂၅ရက်၊ ကွာလာလမ်ပူ)
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် မလေးရှားနိုင်ငံ ဆိုင်ရာ ယူဂန်ဒါသံအမတ်ကြီး H.E. Dr. Betty Oyella Bigombe အား ၂၂-၄-၂၀၂၅ ရက်တွင် ကွာလာလမ်ပူမြို့၊ မြန်မာသံရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ထို့သို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ယူဂန်ဒါနိုင်ငံသားများအား ယူဂန်ဒါနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ရေး၊ မြန်မာ-ယူဂန်ဒါ နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုခိုင်မာကောင်းမွန်စေရေး အထူးသဖြင့် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ နယ်ပယ် များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရေး စသည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြကြောင်း သိရှိရပါသည်။

