ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ကူဝိတ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Yang Xin အား ၁၀-၈-၂၀၂၆ ရက် ၁၀၀၀ နာရီတွင် ကူဝိတ်မြို့ရှိ တရုတ်သံရုံးသို့ သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် သံအမတ်ကြီးများအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကူဝိတ်ရှိနှစ်နိုင်ငံသံရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


