မြန်မာသံအမတ်ကြီး ဦးမင်းသိမ်း ကူဝိတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအား သွားရောက်တွေ့ဆုံ (၉-၈-၂၀၂၆၊ ကူဝိတ်)

​ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ကူဝိတ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Songchai Chaipatiyut အား ၉-၈-၂၀၂၆ ရက်၊ ၁၀၀၀ နာရီတွင် ကူဝိတ်မြို့ရှိ ထိုင်းသံအမတ်ကြီး၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကူဝိတ်ရှိ နှစ်နိုင်ငံသံရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့အတူ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း မြန်မာသံအမတ်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။