(၈-၉-၂၀၂၆၊ ရီရတ်ဒ်)
သံအမတ်ကြီး ဦးနေမျိုးဦးသည် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ အိုမန်နိုင်ငံသံအမတ်ကြီး H.E. Mr Sayyid Najeeb bin Halal bin Saud Al Busaidi အား ၇-၉-၂၀၂၆ ရက်နေ့ ၁၁၀၀ နာရီတွင် ရီရတ်ဒ်မြို့၊ သံတမန်ရပ်ကွက်ရှိ အိုမန်နိုင်ငံသံရုံးသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် မြန်မာ-အိုမန် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များ၊ ရီရတ်ဒ်မြို့ရှိ နှစ်နိုင်ငံ သံရုံးများအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။


