နီကာရာဂွါသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထွန်းအောင်ကျော်သည် နီကာရာဂွါ နိုင်ငံ၊ National Commission of Creative Economy ၏ General Coordinator ဖြစ်သူ Madame Camila Ortega Murillo အား Creative Economy အတွင်းရေးမှူးရုံး၏ အစည်းအဝေးခန်းမ၌ ၃-၉-၂၀၂၆ ရက်၊ နံနက် ၁၀၃၀ နာရီအချိန်တွင် သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် General Coordinator က နီကာရာဂွါနအစိုးရအနေဖြင့် ပြည်သူ များ၏ လူနေမှုဘဝမြင့်မားရေးအတွက် Creative Economy မြှင့်တင်ဆောင်ရွက်နေမှုများနှင့် “Creative Cities” များ တည်ထောင်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ သံအမတ်ကြီးကလည်း နီကာရာဂွါနိုင်ငံ၏ Creative Economy ကြောင့် ဒေသထွက်ကုန်ထုတ်လုပ်မှုနှင့် လူမှု-စီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်မှုများကို ချီးကျူးဂုဏ်ပြုခဲ့ပြီး နှစ်နိုင်ငံအကြား Creative Economy နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ General Coordinator နှင့်အတူ Creative Economy ဆိုင်ရာ အတွင်းရေးမှူးရုံးမှ အတွင်းရေးမှူး Mr. Humberto González Calderón၊ ပူးတွဲအတွင်းရေးမှူး Mr. Luis Morales Alonso နှင့် လက်ထောက်အတွင်းရေးမှူး Ms. Sonia Porras Green တို့ တက်ရောက်ခဲ့ကြသည်။
***********


