မြန်မာသံအမတ်ကြီး ဦးထွန်းအောင်ကျော်က နီကာရာဂွါနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Erwin Ramirez အား ဂါရဝပြုတွေ့ဆုံ

(၁၃-၈-၂၀၂၆၊ မာနာဂွါမြို့)

နီကာရာဂွါသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထွန်းအောင်ကျော်သည် နီကာရာဂွါ သမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Erwin Ramirez အား အဆိုပါဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ ၁၃-၈-၂၀၂၆ ရက်၊ နေ့လယ် ၂ နာရီ တွင် သွားရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြင့်တင်ရေးဆိုင်ရာ      ကိစ္စရပ်များ အထူးသဖြင့် တစ်နိုင်ငံ၏ ကုန်စည်လိုအပ်ချက်များအပေါ် တစ်နိုင်ငံက ပံ့ပိုးနိုင်မှု အခြေအနေများကို ရှာဖွေဖော်ထုတ်ပြီး ယင်းကုန်စည်များအား ရင်းနှီးမြှုပ်နှံခြင်းနှင့် တင်ပို့ ဖြည့်ဆည်းပေးခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။