(၀၂-၀၂-၂၀၂၆ ရက်၊ ဗန်ကောက်)
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံဆိုင်ရာ ကာဇက်စတန် သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီထားသည့် H.E. Mr. Margulan Baimukhan ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်၊ မွန်းလွဲပိုင်း ၁၅:၀၀ နာရီအချိန်တွင် ဗန်ကောက်မြို့ရှိ ကာဇက်စတန်သံရုံးသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံသံအမတ်ကြီးများသည် မြန်မာ-ကာဇက်စတန် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေး ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့် ကဏ္ဍအသီးသီး၊ အထူးသဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ပို့ဆောင်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အလားအလာများကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။
ထို့နောက် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ် များ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့မှု အခြေအနေ များနှင့် လက်ရှိ ပြည်တွင်းဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို အသိပေးပြောကြားခဲ့ပြီး ကာဇက်စတန်သံအမတ်ကြီးထံ မြန်မာ့ရိုးရာစားစရာများကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။


