မြန်မာသံအမတ်ကြီး ဦးဇော်ဦး အီတလီနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးနှင့် ဗီယက်နမ်သံအမတ်ကြီးတို့အား သီးခြားစီသွားရောက်တွေ့ဆုံ

(၂၉-၉-၂၀၂၆၊ ရောမ)

​ရောမမြို့ရှိ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ဦးသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်တွင် ရောမမြို့ရှိ ဖိလစ်ပိုင်သံရုံးသို့ သွားရောက်၍ အီတလီနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Nathaniel G. Imperial အားလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်တွင် ရောမမြို့ရှိ ဗီယက်နမ်သံရုံးသို့ သွားရောက်၍ အီတလီနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Mrs. Nguyen Phuong Anh အားလည်းကောင်း သီးခြားစီ သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထို့သို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ရောမမြို့ရှိ အာဆီယံကော်မတီ၏ လုပ်ငန်းများနှင့် လှုပ်ရှားမှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။