မြန်မာသံအမတ်ကြီး ဦးဇော်ဦးက တူရင်မြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်နှင့် ဖလောရင့်မြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်တို့အား သီးခြားစီ လက်ခံတွေ့ဆုံ

(၂၆-၉-၂၀၂၆ ၊ ရောမ)

ရောမမြို့ရှိ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ဦးသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် တူရင်မြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ် Mr. Andrea Ganelli အားလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်တွင် ဖလောရင့်မြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Andrea Vannini အားလည်းကောင်း မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထို့သို့တွေ့ဆုံစဉ် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် နှစ်ဦးနှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကဏ္ဍများမှတစ်ဆင့် မြန်မာ-အီတလီ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာနက်ရှိုင်းစေမည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။