(၁၁-၉-၂၀၂၆ ရက်၊ ရောမ)
ရောမမြို့ရှိ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ဦးသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Irene Castagnoli အားလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်တွင် အာရှနှင့်သမုဒ္ဒရာရေးရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဗဟိုညွှန်ကြားရေးမှူး Mr. Paolo Crudele အားလည်းကောင်း အီတလီနိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ကောင်းမွန်သောဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်ရေး၊ သံတမန်ရေးရာလုပ်ငန်းများတွင် ပံ့ပိုးကူညီသွားရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး၊ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။


