မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် H.E. Mr. Piyapak Sricharoen နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း

(၉-၉-၂၀၂၆၊ ဗန်ကောက်)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် H.E. Mr. Piyapak Sricharoen နှင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အပြီး၊ နှစ်ဖက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအကြား ဆက်လက်တွန်းအားပေးဆောင်ရွက်ရမည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားစာရင်းကောက်ခံရေးနှင့် ပြည်ပလုပ်သား တရားဝင်လွှဲပြောင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား အနာဂတ်ပူးပေါင်းဆောင်ရွက်မှု အလားအလာများနှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် ခင်မင်ရင်းနှီးစွာဖြင့် နှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။