မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးမှ ထိုင်းနိုင်ငံ၊ Prachuap Khiri Khan ခရိုင်အုပ်ချုပ်ရေးမှူး Mr. Sitthichai Swadsaen ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ခြင်း

(၂၆-၈-၂၀၂၆၊ ဗန်ကောက်)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံ၊ Prachuap Khiri Khan ခရိုင်အုပ်ချုပ်ရေးမှူး Mr. Sitthichai Swadsaen ဦးဆောင်သည့်အဖွဲ့အား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်တွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပြန်လည်အသက်သွင်းရန်နှင့် ကုန်သွယ်မှုတန်ဖိုး တိုးမြှင့်နိုင်မည့်အခွင့်အလမ်းများ၊ နှစ်ဖက်ပြည်သူအကျိုးစီးပွားကို အပြန်အလှန်ဆောင်ကြဉ်းပေးနိုင်မည့် နယ်စပ်ဒေသပတ်ဝန်းကျင် အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အိမ်နီးချင်းနှစ်နိုင်ငံပြည်သူများအကြား ကူးလူဆက်ဆံမှု မြှင့်တင်နိုင်မည့် အလားအလာများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။